Wednesday 31 August 2016

Auto Power-on and Shut-down 2.80

မင်္ဂလာပါ ခုတင်ပေးလိုက်တဲ့ဆော့ဝဲလေးကတော့ အသုံးလိုတဲ့သူများလည်း ဆောင်ထားလို့ရပါတယ်၊ ကွန်ပျူတာကိုစက်ပိတ်၊ စက်ဖွင့်ဖို့အတွက် စီမံလို့ရတဲ့ဆောဝဲလေးပါ..Programs , files,Website URL များကိုသတ်မှတ်ထားတဲ့ အချိန်မှာ အလိုလို ဖွင့်ပေးနိုင်ပါတယ်..Windows 2000, XP, 2003, Vista, 2008 or Windows 7နှင့် Windows 8 တွေမှာအသုံးနိုင်ပါတယ် ဖူးဘာရှင်းဖြစ်စေဖို့အတွက် Crack ဖိုင်လေးကို အင်စတော့လုပ်ထားတဲ့နေရာမှာထည့်ပေးလိုက်ရင် အသုံးပြုနိုင်ပါပြီ..။

Wednesday 17 August 2016

IDM6.25Build25CrackPatchFull

Image result for idm6.25 crack 

Image result for idm6.25 crack 

Photoshop ချစ်သူများအတွက်ရွှေရောင်အနောက်ခံ ( JPEG ) Free Download


PHOTOSHOP FRSME (png) files

မင်္ဂလာပါ photoshop မှာသုံးနိုင်တဲ့ ဘောင်လေးတွေရှာတင်ပေးလိုက်ပါတယ်၊ ဒီဇိုင်းတွေကတော့ ပုံမှာကြည့်ပြီး၊ လိုတဲ့သူတွေ အောက်မှာဒေါင်းသွားနိုင်ပါတယ်...


Nero 2014 full free download

Image result for nero 2014 free download 

ဒီဆော့ဝဲလ်ကိုတော့ ပြောစရာမလိုလောက်အောင်လူတိုင်းသိပြီးသားလိုထင်ပါတယ်နော် ကျွန်တော်
ဆိုရင်တော့ ဝင်းဒိုးတင်ပြီးတာနဲ့ ဒီကောင်လေးကိုတန်းထည့်တောတာပဲ အဟဲ အလုပ်ထဲကဘော်ဘော်
တွေက အမြဲတမ်းသီချင်းခွေကူးခိုင်လိုက် ဇာတ်ကားတွေကူးခိုင်းလိုက်ဆိုတော့ ဒီဆော့ဝဲလ်က မရှိမဖြစ်
လို့တောင်ပြောလို့ရပါတယ် ကျွန်တော်ကတော့ အရမ်းကြိုက်ပါတယ် တခြားဆော့ဝဲလ်တွေအများကြီးဆိုပေ
မယ့် NERO ကိုတော့မှီမယ်မထင်ဘူး NERO ကအခွေကူးတဲ့နေရာမြန်ဆန်ပြီးပေါ့ပါးတယ် Video edit 
လုပ်တဲ့နေရာမှာလွယ်ကူပြီးကြည်လင်ပြတ်သားတဲ့ အရည်သွေးကိုစွမ်းဆောင်ပေးနိုင်ပြီး တခြားလုပ်ဆောင်
ချက်တွေအများကြီးရှိပါသေးတယ် ကျန်တာတွေကိုတော့ကိုယ်တိုင်လေ့လာရလို့ရှိရင်ဘယ်လောက်ထိလုပ်
နိုင်လဲဆိုတာသိလာမှာပါ လိုအပ်ရင်တော့အောက်ကလင့်မှာဒေါင်းလော့ဆွဲနိုင်ပါတယ်ခင်ဗျာ...

Tuesday 16 August 2016

MEGA.nz FILE များကို (IDM) နှင့် ဒေါင်းယူနည်း (၂) [16.8.2016 Update]

 
 MEGA FILE များကို INTERNET DOWNLOAD MANAGER (IDM) နှင့် ဒေါင်းယူနည်း ကို အရင်က ဒီနေရာမှာ တင်ပေးဖူးပါတယ်... အဲ့ဒီနည်းလမ်းကတော့ Mega Downloader ကို Install လုပ်ရသေးတာမို့ စက်လေးစေပါတယ်... အခုဖေါ်ပြမဲ့နည်းလမ်းကတော့ မည်သည့် Software မှ Install လုပ်စရာမလိုပါဘူး...
နည်းလမ်းကတော့....
မိမိဒေါင်းယူမဲ့ www.mega.nz မှ Download Link (URL)  ကို Copy ကူးယူပြီး အောက်ဖေါ်ပြပါ Website မှာ  Paste လုပ်ကာ Generate ကိုနှိပ်ပါ..။ ရလာတဲ့ Link (URL) ကို Copy ကူးယူ၍  Browser Address Bar ထည့်ပြီး ဒေါင်းယူနိုင်ပါပြီ။

.dll error ကို ဘယ်လိုဖြေရှင်းမလဲ ???

 
 ဒီနေ့တော့ .dll နဲ့ ပါတ်သက်တဲ့ error တွေကို ဘယ်လိုနည်းလမ်းနဲ့ ရှင်းကြမလဲ။ ဒီနေ့ သင်ခန်းစာ video 5 ခု ထပ်တင်ပေးဖို့ရာ ဘာတင်ရင်ကောင်းမလဲ စဉ်းစားရင်းကနေ လတ်တလော ပြသနာဖြစ်နေတဲ့ညီ/အစ်ကိုတွေ မေးခွန်းထားတာကို အရင်ဦးစားပေးပြီး ရှင်းရင်ပိုကောင်းမယ်လို့ စဉ်းစားမိတာနဲ့ Post တင်ပြီး comments ရေးခိုင်းရာမှာ ပထမဆုံးတက်လာတာကတော့ .. ပုံထဲကအတိုင်း BIB.dll လေးပဲဖြစ်ပါတယ်။ လုပ်နည်းကို video ဖိုင်နဲ့တင်ပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေစွာနဲ့ လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ငါး (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ပထမပိုင်း)

 

  ဒီနေ့ Video Editing လေ့ကျင့်ခန်း အပိုင်း-၅ ပိုစ့်မှာတော့.. DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်းကို တခါတည်း အကုန်တင်ပေးချင်ပေမယ့် ပုံတွေများလွန်းတဲ့အတွက် ပထမပိုင်းအဖြစ်သာ အပိုင်းထပ်ခွဲပြီး တင်ပေးလိုက်ရပါသည်..။ ဒုတိယပိုင်းကိုတော့ နောက်ရက်မှာ ဆက်တင်ပေးပါမည်..။ 
  ဒီပိုစ့်က လုပ်နည်းတွေမှာ DVD သီချင်းခွေတချပ်ရဲ့ DVD Player ထဲမှာ ဖွင့်ဖွင့်ခြင်း ပေါ်လာတတ်တဲ့ Play All နဲ့ Select Songs တွေကို ရွေးယူကြည့်လို့ရမယ့် လုပ်နည်းတွေ ဖြစ်ပြီး.. Select Songs နေရာမှာတော့ မိမိတို့ ထားလိုတဲ့ သီချင်းတွေကို 1-2-3-4-5 စသဖြင့် စီတန်းပြီး ထည့်ထားလို့ရမှာ ဖြစ်ပါတယ်..။ ၎င်းနေရာကနေ ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်စီကို ရွေးချယ်ဖွင့်ကြည့်နိုင်ပါတယ်..။ Play All နေရာကနေ ဖွင့်ရင်တော့ သီချင်းတွေကို မိမိတို့စီထားတဲ့အတိုင်း တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးတဲ့အထိ ဖွင့်ပြပေးပါလိမ့်မယ်..။ မိမိတို့အရင်နားထောင်လိုတဲ့ သီချင်းတွေကိုလည်း Next နဲ့ ကျော်ယူကြည့်ရှုနိုင်မှာ ဖြစ်ပြီး Previous နဲ့လည်း နောက်ပြန်ကျော်ယူကြည့်လို့ ရပါတယ်..။ နောက်တခုကတော့ သီချင်းစာသားတွေနဲ့ video အပိုင်းတွေကို ဆက်ထားပြီးတဲ့ Video Edit လုပ်ထားပြီးသား သီချင်းတစ်ပုဒ်ကို DVD အခွေထုတ်ဖို့အတွက် ဘယ်လိုဖေါ်မတ်၊ ဘယ်လို Width နဲ့ Height ကို ရွေးယူရမယ်ဆိုတာကိုလည်း ဒီပိုစ့်မှာ လုပ်ရင်းနဲ့ ပြပေးထားပါတယ်..။

Wedding Hair Style (.psd)

 
 မင်္ဂလာဆောင် သတို့သမီးရဲ့ ဆံထုံးတွေအတွက် လိုလိုမယ်မယ် သုံးလို့ရအောင်လို့ တင်ပေးလိုက်ပါတယ်။ ခု (၃) ရက်အတွင်း Psd ဖိုင်ပေါင်း 200 ကျော်ကို တင်ပေးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့သူများ Download ယူနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒီညတော့ ဆံပင်နှင့်ပါတ်သက်တဲ့ psd ဖိုင် 50 ကျော်ကို တင်ပေးပါ့မယ်။ တစ်ခုမရရင် တစ်ခုကနေ Download လုပ်ကြပါ။ ဘာလို့လဲဆိုရင် Download လုပ်တဲ့သူ များတယ်ဆိုရင် Traffic ဖြစ်တတ်လို့ တမင်ကို ဆိုက် ၃ ခုကနေတင်ပေးရတာဖြစ်ပါတယ်။ 
 

https://my.pcloud.com/publink/show?code=XZe38BZ3KT8eaTEEeL6vdSpdIInSSrhyswy
အားလုံးအဆင်ပြေကြပါစေ။

ဆံပင်အရှည်ပုံစံ မျက်နှာပုံသဏ္ဍာန် (၅)မျိုးကို (pnd)

 
 ဆံပင်အရှည်ပုံစံ မျက်နှာပုံသဏ္ဍာန် (၅)မျိုးကို တင်ပေးလိုက်ပါတယ်။ လိုချင်တဲ့သူများ အောက်မှာ ကြိုက်တဲ့ Linkကနေ ယူလို့ရပါတယ်။ ထုံးစံအတိုင်းပဲ Quality ကို ကျသွားမှာစိုးလို့ ဖိုင်ကို မချုံ့ထားပါဘူး။ 64 MB တော့ ရှိပါတယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဆင်မပြေတာရှိရင် CB ကနေ ပြောလို့ရပါတယ်။ 

https://my.pcloud.com/publink/show?code=XZuI8BZX8Bm4Ob3doVFUV0eDNFd5mLK8th7

အားလုံးအဆင်ပြေကြပါစေ။

Windows ကို 5 မိနစ်လောက်နဲ့ အကုန်ဘယ်လို တင်မလဲ (သင်ခန်းစာ)

 
 ဒီနေ့ညတော့ ကျွန်တော့်ကွန်ပျူတာကနေ လက်တွေ့ video record ပေးမလို့ပါ။ ဗိုက်ကလည်းအောင့်နေတာနဲ့ .. ကတိကလည်း ပေးထားပြီးပြီဆိုတော့ ဖြစ်အောင်တင်ပေးလိုက်ပါတယ်။ Windows 7,8,10 ဘယ် version ပဲ တင်ထားတင်ထား.. ကျွန်တော်တို့အနေနဲ့ backup လုပ်ပြီးတော့ နောက်ပိုင်းမှာ restore ပြန်လုပ်ခြင်းဖြင့် windows ကို 5 မိနစ်ကျော်လောက်နဲ့ တင်လို့ရပါတယ်။ ဒီနေ့တော့ windows ကို Backup ဘယ်လိုလုပ်မလဲဆိုတာကို video နဲ့ တင်ပေးလိုက်ပါတယ်။

တစ်ခုတော့ရှိပါတယ်။ တစ်ခြားမတူညီတဲ့ ကွန်ပျူတာတွေမှာလည်း သုံးချင်တယ်ဆိုရင်တော့ Driver ကို မတင်ဘဲနဲ့ windows နဲ့ လိုအပ်တဲ့ Program တွေကို ပဲတင်ထားပြီးတော့ backup လုပ်ပါ။ Driver တင်ထားမယ်ဆိုရင် တစ်ခြားကွန်ပျူတာတွေမှာ သွားပြီးသုံမယ်ဆိုရင် Driver ပြသနာတက်ပြီး တင်ထားတဲ့ driver နဲ့ တတ်ထားတဲ့hardware မကိုက်ညီဘဲ windows မတက်တာမျိုး ကြုံရတတ်ပါတယ်။

ခု video လေးကို လက်တွေ့လုပ်ကြည့်ဖို့အတွက်တော့ Symantec Norton Ghost DVD အခွေလိုပါတယ်။ အင်တာနက်ကနေ ရှာပြီးတော့ Download လုပ်စေချင်ပါတယ်။ ဒီနေ့တော့ Symantec Norton Ghost အခွေ တင်မပေးနိုင်တော့ပါဘူး။ ဗိုက်နည်းနည်းအောင့်နေလို့ အနားယူတော့မယ် မနက်ဖြန်ကျရင် တင်ပေးပါ့မယ်။ ဒါမှမဟုတ်လည်း တစ်ခြားညီကိုတွေ Download link တွေ ချပေးပါလိမ့်မယ်။

Utorrent (or) Bittorrent ရှိတယ်ဆိုရင်တော့ www.kat.cr ဆိုက်ကနေပြီးတော့ Download လုပ်ယူလို့ရပါတယ်။ Torrent အသုံးပြုနည်းကို မနေ့က တင်တဲ့ သင်ခန်းစာပို့စ်မှာ တင်ပေးထားပြီးသားပါ။ https://goo.gl/SME0VA အဲ့ပို့စ်ကို ပြန်ကြည့်ပေးပါ။

မေးထားတဲ့ ညီလေးက Restore ပြန်လုပ်တာကိုတော့ နားလည်လိမ့်မယ်ထင်ပါတယ်။ နားမလည်ဘူးဆိုရင်လည်း မနက်ဖြန်မှ ထပ်တင်ပေးပါ့မယ်။ ခုကတော့ Norton Ghost နဲ့ .gho image ဖိုင် ရအောင် ပြန်ထုတ်နဲ့နည်းပါ။

အခန်း( ၁) Move Tool (v) ဆိုတာဘာလဲ

 
 Move Tool ဆိုတာကတော့ ဓါတ်ပုံတွေ၊ စာတွေနဲ့ Layer လို့ခေါ်တဲ့ အလွှာလေးတွေကို .. တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်း (သို့) ကြီး/သေးဖို့အတွက် Move Tool ကို အသုံးပြုကြရပါတယ်။ အသေးစိတ် ရှင်းလင်းချက်များကို Video ဖြင့် ရှင်းပေးထားပါတယ်။
မည်သည့် Tools ကို သုံးနေပါစေ .. Move Tool ကို ပြောင်းချင်တယ်ဆိုရင်တော့ "v" ကို နှိပ်လိုက်ရင်လည်း ရသလို။ Ctrl ကို ဖိထားလျှင်လည်း Move Tool ကို အလိုလျှောက်ပြောင်းပေးပါလိမ့်မယ်။

အဲ့ဒီ့ နှစ်မျိုးစလုံးသည် move tool ပြောင်းတယ် ဆိုပေမယ့် ပြောင်းလိုက်တဲ့ အခြေအနေချင်းမတူညီကြပါဘူး။

shortcut key "v" ကို နှိပ်လိုက်ခြင်းသည် မိမိကနေ တစ်ခြား Tools ကို မနှိပ်မချင်း အဆိုပါ move tool ကိုသာ ဖြစ်နေပါလိမ့်မယ်။

Ctrl ကို ဖိထားခြင်းဖြင့် ပြောင်းသွားသော Move Tool သည် မိမိဖိထားသည့် Ctrl key ကို လက်နဲ့ဖိထားတာကို လွှတ်လိုက်သည်နှင့် ဆိုပါ Tools သည် ပထမအသုံးပြုနေသည့် Tool ကို အလိုလျှောက် ပြန်ပြောင်းသွားမှာဖြစ်ပါတယ်။ အသေးစိတ် နားလည်လိုပါက ယခုတင်ထားတဲ့ Tutorial video လေးကို လေ့လာကြည့်စေချင်ပါတယ်။

အခန်း( ၂ ) Marquee Tools (M) ဆိုတာ ....

 
 ဒုတိယ သင်ခန်းစာအနေနဲ့ Marquee Tools အကြောင်းကို ရှင်းပြပေးချင်ပါတယ်။ များသောအားဖြင့် shortcut key တွေသည် စာလုံးတွေရဲ့ ပထမ အစစာလုံးကိုသာ ယူတာများပါတယ်။ အခု Marquee Tools ဆိုတော့ သူ့ရဲ့ အစစလုံး M ကိုပဲယူပြီး သူ့shortcut key အနေနဲ့ ယူလိုက်ပါတယ်။ အဲ့တာဆို ပိုမှတ်မိလွယ်တာပေါ့။ ဟုတ်ပြီ Marquee Tool, Move Tool အဲ့နှစ်ခုစလုံးက M နဲ့စတာချင်းအတူတူ move Tool ကိုကျတော့ M မသုံးဘဲ marquee tool ကိုကျမှ m သုံးရသလဲ။ စတဲ့ အကြောင်းအရာတွေကို အသေးစိတ် ရှင်းပြပေးထားပါတယ်။ အောက်က သင်ခန်းစာ Video ကနေ လေ့လာလိုက်ပါ။

ပေါင်းခြင်း = Shift
နှုတ်ခြင်း = Alt
Selection ၂ ခုကြား ဘုံအပိုင်း= Shift + Alt

အခန်း(၃) Lasso (L) Tools အသုံးပြုနည်း

 
Lasso Tools မှာ Family Tools အနေနဲ့ ၃ မျိုးရှိပါတယ်။
(1) Lasso Tool
(2) Polygonal Lasso Tool
(3) Magnetic Lasso Tool
(1) Lasso Tool - ကတော့ ကို select ပေးချင်တဲ့ အပိုင်းကို Mouse နဲ့ တစ်ချက်ဖိဆွဲပြီး အဆုံးသတ်တော့မယ်ဆို အစမှတ်ဆီကို ပြန်သွားပြီး လွှတ်လိုက်ခြင်းဖြင့် ကိုလိုချင်တဲ့ အပိုင်းတွေကို selection လုပ်ပေးပါတယ်။

(၂) Polygonal Lasso Tool - ကတော့ အစမှတ်ကနေ လိုအပ်တဲ့ အပိုင်းတွေရဲ့ အနားသတ်လိုင်းတွေကို တဖြည်းဖြည်းချင်း လှီးသွားရင်းကနေ နောက်ဆုံးအဆုံးသတ်အမှတ်သည် အစမှတ်ဆီကို ပြန်သွားပြီး အဆုံးသတ်မယ်ဆို ကလစ် နှစ်ချက်ဆက်တိုက် နှိပ်ခြင်းဖြင့် (သို့) အစမှတ်အပေါ်သို့ ကလစ်နှိပ်ခြင်း စသဖြင့် ကြိုက်သလို အဆုံးသတ်ပေးလို့ရပါတယ်။

(၃) Magnetic Lasso Tool - ကတော့ ထင်ထင်ရှားရှားရှိနေတဲ့ အရောင်းတွေကို အလိုလျောက် ရွေးချယ်ပေးခြင်းဖြင့် select မှတ်ပေးပါတယ်။ Gradient Color လို ပေါင်းစပ်အရောင်းတွေဆိုရင်တော့ သူက selection မှတ်ဖို့ အဆင်မပြေနိုင်ပါဘူး။

Tutorial Video ဖိုင်ဖြင့် အသေးစိတ် ရှင်းပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

အခန်း(၄) Quick Selection Tools and Magic wand tool အကြောင်း

 
 ဒီ Tools ၂ ခုမှာတော့ select လုပ်တာချင်း သိပ်မကွာပါဘူး။
Quick selection Tool - ကတော့ သုံးမယ်ဆိုရင်တော့ ပေါင်းခြင်း (shift) နှင့် နှုတ်ခြင်း (Alt) စတဲ့ key တွေကို အသုံးပြုပြီးတော့ selection ကို ပေါင်း(သို့)နှုတ် လုပ်ပေးရပါတယ်။ ကို select လုပ်မယ့်နေရာထဲကနေ ပါသွားရင် ပြန်ပေါင်း ၊ လိုသွားရင် ပြန်နှုတ်ပေါ့ ..
Magic Wand Tool ကတော့ - တူညီတဲ့ အရောင်တွေကို ချက်ချင်း select မှတ်ပေးပါတယ်။ အဖြူဆို အဖြူပေါ့။ သူ့မှာ အားနည်းချက်ကတော့ အရောင်ပြေးစနစ်နဲ့ဆိုင်တဲ့ ရောစပ်ထားတဲ့အရောင်တွေကိုတော့ select မလုပ်ပေးနိုင်ပါဘူး။

Thursday 11 August 2016

Laptop အဖုံးပိတ်လိုက်တဲ့အခါ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင် ပြုလုပ်နည်း



မင်္ဂလာပါ ဒီနေ့တော့ သိထားသင့်တဲ့ အရာလဲဖြစ်သလို ကွန်ပျူတာ ကိုင်ဆောင်နေတဲ့ သတိမထားမိတဲ့ အရာလေးလဲဖြစ်နိုင်တဲ့ Laptop အဖုံးလေးပိတ်လိုက်တာနဲ့ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင် ပြုလုပ်နည်းလေးတင်ပေးလိုက်ပါတယ်၊ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ လိုက်လုပ်နိုင်ပါတယ်နော်၊ လုပ်ဆောင်ရတာလွယ်ကူတယ်ဆိုပေမယ့်မသိရင်တော့ခတ်တာပေါ့နော်၊ ကဲကျွန်တော်နဲ့အတူလိုက်လုပ် ရအောင်..

Tuesday 9 August 2016

Blog မှာ နာရီထည့်ချင်တဲ့ သူများအတွက်

 
မိမိတို့ရဲ့ ဘလော့မှာ နာရီထည့်နည်းလေးကို သိချင်တဲ့လူရှိလို့ ပြောပြပေးလိုက်ပါတယ်..။ တကယ်တော့ လုပ်နည်းမသိသေးလို့ ခက်နေတာပါ..။ သိသွားရင်ဘာမှ မခက်တော့ပါဘူး..။ အခုဒီနည်းလေးကလည်း နာရီမှ မဟုတ်ပါဘူး.. ဘယ်ဟာကိုပဲဖြစ်ဖြစ်ဒီနည်းနဲ့ ထည့်တာပါပဲ..။ မိမိတို့ရောက်ခဲ့တဲ့ ဘလော့ဆိုဒ်တွေမှာ တွေ့သမျှ လိုချင်တာလေးတွေကို အခုဒီနည်းလေးနဲ့ လုပ်ယူလို့ ရပါတယ်..။ တချို့နေရာတွေက အကောင့်တခုဖွင့်ပေးရတယ်..။ တချို့နေရာတွေက အကောင့်ဖွင့်ဖို့ မလိုဘူး..။ ဒါပဲကွာပါတယ်..။ Cbox မှာတောင်းထားတဲ့ ကိုစောကျော်ဦးနဲ့ အတူ တခြားမသိသေးတဲ့ သူများပါ သုံးတတ်အောင်လို့ ဒီနည်းလေးကို မျှဝေလိုက်ပါတယ်ခင်ဗျာ..
အရင်ဆုံး ကျနော့်ဘလော့ ပေါ်က နာရီပုံပေါ်မှာ မောက်စ်မျှားလေးတင်လိုက်ပါ..။ အောက်ကပုံအတိုင်း  ClockLink နဲ့ လက်ပုံလေးပေါ်လာရင် နှိပ်ပြီး ဝင်သွားလိုက်ပါ..

YOGA Clock - ဘလော့မှာ သရဲခြောက်ကောင် နာရီလေး တပ်ထားချင်တဲ့ Blogger များအတွက်

 

 

 

ဒါလေးကတော့ မနေ့က  Photoshop cs6 တင်နေတုန်း အားနေတာနဲ့ နိုင်ငံခြားဆိုဒ်တွေ လျှောက်ပါတ်ကြည့်ရင်း တွေ့ခဲ့တဲ့ နာရီဒီဇိုင်းလေး သဘောကြလို့ Blogger မိတ်ဆွေများအတွက် ပြန်လည် မျှဝေလိုက်ပါတယ်..။ မြန်မာဆိုဒ်တွေမှာ ဒီလို ထူးထူးဆန်းဆန်းလေးတွေ မတွေ့မိသေးဘူး..။ ဒါလေးကို မြင်မြင်ချင်း သဘောကျလို့ ကြည့်ရင်းကြည့်ရင်းနဲ့ကို ကြည့်လို့ကောင်းလာတာ.. သရဲလိုလို၊ လူလိုလို အကောင်လေးတွေ Yoga အကနဲ့ နာရီပုံဖေါ်နေတာ တကယ်လန်းတယ်..။ ကျနော့်ဆိုဒ် မလေးရှားစံတော်ချိန် နေရာမှာ တင်ကြည့်တော့ အဆင်ပြေနေပြန်ရော.. အပေါ်ဆုံး ပုံမှာပြထားသလို ကနော့်ဆိုဒ်ကို ဝင်လိုက်တာနဲ့ သရဲခြောက်ကောင် (သရဲလို့ပဲ ခေါ်တော့မယ်) အပေါ်ကနေ ဆင်းလာပြီး Yoga နဲ့ကတော့တာပဲ.. နာရီ၊ မိနစ်၊ စက္ကန့် နှစ်ကောင်စီနဲ့ နောက်ဆုံးကောင်က ပိုကရတယ်..။ တကယ်ကြည့်လို့ကောင်းတယ်..။
Blogger မိတ်ဆွေများ ဒီလို Yoga အကနဲ့ နာရီလေးလိုချင်ရင် အောက်က HTML ကုဒ်တွေကို copy ကူးယူပြီ.. Design, Add a Gadget, HTML/JavaScript ထဲကို ထည့်ပေးပြီ.. Save လိုက်ရင်.. မိမိတို့ရဲ့ ဘလော့မှာ Yoga ကနေတဲ့ သရဲခြောက်ကောင် နာရီလေး ပေါ်လာပါလိမ့်မယ်..။ အောက်မှာ HTML ကုဒ်၂ခုပေးထားတဲ့ ထဲက တခုကိုပဲ ထည့်ပေးရမှာပါ..။ သူ့ရဲ့မူရင်း ဝဘ်ဆိုဒ်ကို ကြည့်ချင်ရင်တော့ အောက်ဆုံးက ကောင်လေးကို နှိပ်ပြီး ဝင်သွားလိုက်ပါ.. ကျနော့် ဘလော့ဘေးက မလေးစံတော်ချိန် ကနေလည်း ဝင်သွားကြည့်လို့ ရပါတယ်..။ ဂျပန်စာတွေနဲ့ ရေးထားတဲ့ ဂျပန်ဝဘ်ဆိုဒ် တခုပါ..

Monday 8 August 2016

Windows Update ပိတ်ရအောင်

 

ဒါကတော့ Windows Update ပိတ်ချင်သူများအတွက် သွားပိတ်ရမယ့်နေရာလေးတွေကို ပြပေးလိုက်တာပါ..။ ဘာကြောင့် Windows Update လုပ်တာလဲ..။ ဘာကြောင့် Windows Update မလုပ်တာလဲ ဆိုတာကို ရှင်းပြမနေတော့ပါဘူး..။ အခုဒီနည်းက ကွန်ပျူတာ ရောင်းတဲ့ဆိုင်တွေမှာ စက်ဝယ်တဲ့အခါ Original Windows မပါရင်၊ သူတို့ ဖာသာ Windows တင်ပေးတတ်ပါတယ်..။  (Windows တင်ပေးတဲ့အတွက် သူတို့ကို ဝင်းဒိုးတင်ခ သီးသန့် ပိုက်ဆံထပ်ပေးရပါတယ်..။) အဲလိုအခါမျိုးကျရင် Windows Update မတက်အောင် အခုကျနော်ပြတဲ့ နည်းလေးတွေနဲ့ ပိတ်ပေးလိုက်ကြပါတယ်..။ နောက်တခုက Windows တင်တင်ချင်းမှာလဲ Update မတက်အောင် ပိတ်ခဲ့ရတဲ့ နေရာတခုရှိပါတယ်..။
Automatically Windows Update အင်တာနက်လိုင်းဖွင့်တာနဲ့ အော်တိုမက်တစ် Update လုပ်မယ်ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးခဲ့ရမှာ ဖြစ်ပါတယ်..။ သူကတော့ ဝင်းဒိုးတင်တဲ့အချိန်မှာ လုပ်ရတာဖြစ်တဲ့အတွက် ပုံနဲ့ပြပေးဖို့ ခက်ပါတယ်..။ ဒါကြောင့် စာပဲရေးပြပေးလိုက်တာပါ..။ အခုလုပ်ရမယ့် အဆင့်တွေကတော့ အောက်ကပုံလေးတွေအတိုင်းပါပဲ..။
ထုံးစံအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားပေးလိုက်ပါ...

Startup Repair အသုံးပြုနည်းနှင့် Registry Repair မလုပ်ခင် Restore Point ဖန်တီးခြင်း-အသုံးပြုခြင်း

 
ဒီအစ်ကိုလို Windows Startup အဆင်မပြေတဲ့သူများနဲ့ မိမိတို့စက်မှာ ဆော့ဝဲလ်တွေ မထည့်ခင်၊ ဝင်းဒိုးထဲက Registry Error-Repair မလုပ်ခင် အချိန်တွေမှာ System Restore Point ဖန်တီးထား တတ်ဖို့နဲ့ ပြန်ပြီး Restore လုပ်တတ်အောင်ပါ.. ဒီပိုစ့်မှာ ရှင်းပြထားပါတယ်..။ System Restore အသုံးပြုတတ်အောင် အရင်တုန်းက ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။ အခုဟာကတော့ System Restore Point ဖန်တီးတတ်ဖို့နဲ့ ဖန်တီးထားပြီးသားကို ပြန်ပြီး Restore လုပ်တတ်အောင်ပါ ပြပေးထားပါတယ်..။ ဆော့ဝဲလ်တွေထည့်တဲ့အခါနဲ့ Windows Update တက်သွားတဲ့အခါတွေမှာ အရင်ရှိပြီးသား Restore Point တွေ ပျက်ကုန်တတ်တဲ့အတွက် မိမိတို့အနေနဲ့ သတိထားပြီး Restore Point တွေကို မကြာမကြာဖန်တီးပေးထားပါ..။ ဒါမှသာ ဝင်းဒိုးမှာ ကြီးကြီးမားမား Error တွေကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ..။ Starting Windows မတက်နိုင်အောင် အများဆုံးဖြစ်တတ်တဲ့ အခါတွေကတော့ ဝင်းဒိုးထဲက Registry Error တွေကို ဆော့ဝဲလ်တွေသုံးပြီးရှင်းတဲ့အခါတွေမှာ အဖြစ်များပါတယ်..။ CCleaner နဲ့ Advanced System Care လို System Tools တွေကို အသုံးပြုပြီးတဲ့အခါတိုင်း စက်ကို Restart မချပဲ တခြားဆော့ဝဲလ်တွေ ထပ်ပြီး Install ထည့်လိုက်ရင် ဒီလို Starting Windows မတက်နိုင်တော့တဲ့ Error တွေ ဖြစ်တတ်ပါတယ်..။ ဒီ System Tools တွေက တကယ်တော့ ဝင်းဒိုးတွေအတွက် အရမ်းကောင်းပါတယ်..။ ဒါပေမယ့် မသုံးတတ်ရင် အန္တရာယ်ဖြစ်တယ် ဆိုသလိုပဲ ဒီ System Tools တွေကို အသုံးမပြုခင် ဒီပိုစ့်ကအတိုင်း Restore Point တခုအရင်လုပ်ထားပါ..။ System Tools တွေကို  အသုံးပြုပြီးတဲ့အခါတိုင်း တခြားဆော့ဝဲလ်တွေ မထည့်သေးပဲ မိမိတို့ရဲ့ စက်ကို အရင် Restart ချပေးလိုက်ပါ..။ စက်ပြန်တက်လာမှ တခြားဆော့ဝဲလ်တွေကို ထည့်သုံးပါ..။ ဒီလိုဆိုရင် ဝင်းဒိုး မတက်နိုင်တော့တဲ့ ဘေးက ကင်းဝေးပါလိမ့်မယ်..။ 
နောက်တခုက Startup Repair လုပ်တတ်ဖို့ပါ..။ Startup Repair လုပ်တယ်ဆိုတာလည်း အမြဲတမ်းကြီး Repair လုပ်လို့ ရလိမ့်မယ်လို့ မမှတ်ထားသင့်ပါ..။ လုပ်လို့ ရတဲ့အခါတွေ ရှိသလို Repair လုပ်မရတဲ့အခါတွေလည်း ရှိပါတယ်..။ လုပ်လို့ရသည်ဖြစ်စေ၊ လုပ်လို့ မရသည်ဖြစ်စေ အားလုံးပဲ Startup Repair အသုံးပြုတတ်အောင် ဒီပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။ ပုံတွေများလို့ ကြည့်ရတာ ရှုပ်တဲ့သူများအတွက် အလွယ်ကြည့်လို့ရမယ့် Video ဖိုင်လေးပါ ရှာပြီး ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ ချိတ်ပေးထားပါတယ်..။ ဒီ Video လေးနဲ့လည်း အဆင်ပြေပါတယ်..။ 
kolinlin: ပြောသလို Windows Boot Manager စာသားနဲ့ ပေါ်လာတယ်ဆိုရင်တော့ Startup Repair နဲ့ အဆင်မပြေနိုင်ပါ..။ ဒါပေမယ့် Startup Repair အရင်လုပ်ကြည့်သင့်ပါတယ်..။ မရတော့မှ Safe Mode နဲ့ဝင်ပြီး နောက်ဆုံး Install ထည့်ခဲ့တဲ့ ဆော့ဝဲလ်၃၊၄ခုကို Uninstall နဲ့ ပြန်ထုတ်ပစ်လိုက်ပါ..။ အဲ့ဒါမှ မရသေးရင် System Restore နဲ့ ၁၀ရက်၊တစ်လ (Restore Point ဖန်တီးထားပြီးသား မရှိရင် ပေါ်သလောက်၊ ရှိသလောက် Restore Point ကို ရွေးပြီး) နောက်ပြန်ဆုတ်ပေးလိုက်ပါ..။ Restore Point တွေမှာလည်း သုံးလို့ရတဲ့ Point တွေရှိသလို၊ သုံးလို့မရတဲ့ Point တွေရှိနေပြန်ပါတယ်..။ ဒါကြောင့် Restore Point နဲ့ မရခဲ့ရင် Windows Image Backup File (OR) Recovery (Hidden Partition) အပိုင်းနဲ့သာ ရပါလိမ့်မည်..။ အဲ့ဒါတွေ မရှိရင်တော့ ဝင်းဒိုးအသစ်ပြန်တင်ဖို့သာ ရှိပါတော့တယ်..။ Windows Image Backup File ဖန်တီးနည်းနဲ့ Restore ပြန်လုပ်နည်း ကို အရင်တုန်းက ပိုစ့်တင်ပေးထားပြီးသားပါ..။ မလုပ်တတ်သေးတဲ့သူများ ပြန်ကြည့်ပေးပါ..။ အခုဒီပိုစ့်မှာ ဝင်ဒိုး Startup Repair အသုံးပြုနည်းနဲ့ Restore Point ဖန်တီးနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 

Windows တွေမှာ မရှိမဖြစ် ၊ လုပ်ထားရမည့် System Image Backup File နှင့် System Repair Disc

 
 ဒီနည်းလေးကတော့ ကွန်ပျူတာရှိတဲ့ လူတိုင်း မသိမဖြစ်၊ မတတ်မဖြစ် သိထားတတ်ထားသင့်တဲ့ နည်းလေးတခုပါပဲ.. ဒီနည်းနဲ့ ဒီလို Image Backup File နဲ့ System Repair Disc မလုပ်ထားကြလို့သာ ကွန်ပျူတာနဲ့ ပါတ်သက်တဲ့ ပြဿနာမျိုးစုံကို ခေါင်းရှုပ်ခံ၊ စိတ်ညစ်ခံပြီး ဟိုလူ့ဆရာတင်ရ၊ ဒီလူ့ဆရာတင်ရနဲ့ အလုပ်တွေရှုပ်.. ငွေကုန်ခံပြီး ဆိုင်မှာသွားပြင်နေကြရတာပါ..။ ပင်ပန်းလွန်းပါတယ်..။ သိတဲ့သူများအတွက် လွယ်ပေမယ့်.. မသိသေးတဲ့သူများ အတွက်တော့ ဘယ်ကနေ ဘယ်လိုစပြီး လုပ်ရမှန်းကို မသိကြတာပါ..။ ဒါကြောင့်ဒီနေ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာ.. ကျနော့်ရဲ့သူငယ်ချင်း တယောက်ကလည်း ဒီလုပ်နည်းလေးကို သိချင်နေတာ ကြာပါပြီ.. အဝေးကနေ လှမ်းတောင်းနေတာ.. ကျနော့်မှာလည်း ပုံတွေက အဆင်သင့် မရှိသေးလို့.. ပုံတွေလုပ်ဖို့ပြင်ရင်း ပြင်ရင်းနဲ့ ကြာသွားပါတယ်..။ တကယ်တော့ ဒီနည်းလေးက Windows ထဲမှာ ပါပြီးသား.. မိမိတို့ဖာသာ ဖန်တီးယူရမယ့် နည်းလေးတခုပါပဲ.. လုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ မသိသေး၊ မလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်ပေးပါ..။ လိုအပ်တဲ့ ပစ္စည်းကတော့ CD အလွတ်တချပ် (CD အသစ်ကိုပြောတာပါ) .. ခွေကူးဖို့ CD/DVD Drive မပါတဲ့သူများကတော့ Backup File ပဲလုပ်ပါ.. CD ခွေမကူးလည်း ရပါတယ်..။ ဒါပေမယ့် External DVD Drive ရှိရင်တော့ ခွေကူးထုတ်ထားရင် ပိုကောင်းပါတယ်..။ အဲဒီအခွေက Boot တက်တဲ့ အခွေဖြစ်တဲ့ အတွက် ဝင်းဒိုးမှာ တစုံတရာ Error တက်ခဲ့ရင် Windows7 တင်နည်းအတိုင်း ဝင်ပြီး ပြန်ပြင်လို့ ရပါတယ်..။ Boot mgr is missing လို Error မျိုးဖြစ်ခဲ့ရင် အခုခွေကူးမယ့် Repair CD နဲ့ ပြန်ပြင်လို့ ရပါတယ်.. Windows ထဲမှာ မသိမ်းရသေးတဲ့ Data တွေ ပျက်မသွားပါဘူး.. အားလုံးပြန်ယူလို့ ရပါတယ်..။  Boot mgr is missing အဲရာမျိုး ဖြစ်ခဲ့ရင် အောက်ကပုံလိုမျိုး စာကြောင်းလေး ၂ကြောင်းပဲ ပေါ်နေပါလိမ့်မယ်..။ Starting Windows ပေါ်မလာတော့ပါဘူး..။

Thursday 4 August 2016

WinRAR ဖြင့် ဖိုင်များ အပိုင်းခွဲနည်း

 


WinRAR နဲ့ ဖိုင်တွေ ခွဲနည်းက Blogger အများစုအတွက် မသိမဖြစ် လုပ်နည်းတခုမို့ ကျနော်ဒီပိုစ့်ကို Blogger And HTML လေဘယ်ထဲမှာ ထည့်ပေးထားလိုက်ပါတယ်..။ နောက်ပိုင်း Blogger လူသစ်တွေ ကျနော့် Blog မှာ အလွယ်တကူ ရှာလို့ တွေ့အောင်လို့ပါ..။ ကျနော် Blog မှာလည်း ဒီနည်းနဲ့ အရင်တုန်းက ပိုစ့်တွေမှာ ( Nero 8 - Photoshop CS6 - Cyberlink Power Director ) ပိုစ့်တွေကို WinRAR နဲ့ပဲ ဖိုင်တွေခွဲပြီး တင်ပေးခဲ့တာပါ..။ ကွန်ပျူတာတိုင်းမှာ WinRAR ဆော့ဝဲလ်ရှိနေတဲ့အတွက် အလွယ်တကူ ဖိုင်တွေပြန်ပေါင်းလို့ ရတဲ့အတွက် ဒီနည်းက အားလုံးကို အဆင်ပြေစေပါတယ်..။ ဒီနေ့တော့ ဒီလိုလုပ်နည်းကို မေးလာတဲ့လူ ရှိလာလို့ ကျနော် WinRAR ဖိုင်ခွဲနည်း ပိုစ့်တပုဒ်အဖြစ် တင်ပေးလိုက်ပါတယ်..။ 
ဒီလုပ်နည်းက Blogger တွေအတွက်တင် မကပဲ တခြား အသုံးပြုသူများအတွက်ပါ လိုအပ်တဲ့ နည်းလေးပါ..။ ဥပမာ နိုင်ငံခြားမှာ ရိုက်ထားတဲ့ မိမိတို့ရဲ့ Video ဖိုင်လေးကို တခြားလူတွေ မသိစေချင်လို့ Gmail ကနေ ပို့မယ်ဆိုရင်တော့ အဲ့ဒီ Video ဖိုင်ကို 20 MB စီနဲ့ ခွဲပြီး ပို့ပေးလို့ ရပါတယ်..။ Gmail မှာက 25 MB ကျော်ရင် Upload တင်လို့ မရပါဘူး..။ ဒါကြောင့် Video ဖိုင်တွေကို 20 MB စီ ခွဲတင်ရမှာပါ..။
ကျနော်တို့ Blogger တွေအတွက်လည်း ဒီအတိုင်းပါပဲ..။ ကျနော်တို့ အသုံးပြုနေတဲ့ ဖရီး Upload ဆိုဒ်တွေက အများဆုံး 200 MB နဲ့ 250 MB လောက်စီပဲ ဖိုင်တွေ တင်လို့ ရတာပါ..။ ဒါကြောင့် 1 GB ရှိတဲ့ ဖိုင်တွေဆိုရင် 200 MB သို့မဟုတ် 100 MB စီခွဲပြီး တင်ပေးရတာပါ..။ ခွဲတင်ပေးထားတဲ့ ဖိုင်တွေ အားလုံးဒေါင်းယူပြီးရင်တော့ ဖိုဒါအလွတ်တခု ဖန်တီးပြီး အပိုင်းအားလုံးစုထည့် အပိုင်း-၁ (part1) ကနေ ဖိုင်ဖြည်ချပေးလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ အလိုလို လိုက်ပြည်သွားလို့ ဖိုင်တခုလုံး ပေါင်းပြီးသားလေးကို ရရှိပါတယ်..။ ဒီနည်းနဲ့ အားလုံးအဆင်ပြေနေကျတာပါ..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

ဒီပိုစ့်မှာတော့ ကျနော် 276 MB ရှိတဲ့ Photoshop CS6 ဖိုင်ကို WinRAR နဲ့ ဖိုင်ခွဲပြထားပါတယ်..။ ကျနော်တို့ ရေးပေးချင်တဲ့ စာတွေကို Notepad နဲ့ ရေးပေးပြီး ဖိုင်တခုထဲကို စုပေါင်းထည့်လိုက်ပါတယ်..။ ပြီးမှ ဖိုင်အပြင်ကနေ WinRAR နဲ့ ဖိုင်ခွဲချလိုက်တာပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။ 

Wednesday 3 August 2016

ESET NOD32 Antivirus 9.0.386 2018

ကျွန်တောဒီနေ့ computer မှာ လူသုံးများတဲ့ နာမည်ကြီး ဆော့ဝဲဖြစ်တဲ့ 
ESET NOD32 Antivirus 9.0.386 2018  ကိုတင်ပေးလိုက်ပါတယ်။
လုပ်အပ်သူများအတွက် အောက်တွင်ဒေါင်းလော့ယူနိုင်ပါပြီ။
Image result for eset nod32 antivirus 9 activator 


Image result for eset nod32 antivirus 9 activator 
 Image result for download
Password = www.aungkyawthu.net
အားလုံးအဆင်ပြေကြပါစေ။

မြန်မာအားကစားလိုင်းတွေနဲ့နိုင်ငံတကာရုပ်ရှင်တွေကြည့်နိုင်တဲ့Apk

မြန်မာအားကစားလိုင်းတွေနဲ့နိုင်ငံတကာရုပ်ရှင်တွေကြည့်နိုင်တဲ့Apk မင်္ဂလာပါ ဘော်ဒါတို့  ခုတင်ပေးမဲ့ဆော့ဝဲလေးကတော့ ကမ္ဘာတစ်လွှားနဲ့း...