Tuesday 16 August 2016

Windows ကို 5 မိနစ်လောက်နဲ့ အကုန်ဘယ်လို တင်မလဲ (သင်ခန်းစာ)

 
 ဒီနေ့ညတော့ ကျွန်တော့်ကွန်ပျူတာကနေ လက်တွေ့ video record ပေးမလို့ပါ။ ဗိုက်ကလည်းအောင့်နေတာနဲ့ .. ကတိကလည်း ပေးထားပြီးပြီဆိုတော့ ဖြစ်အောင်တင်ပေးလိုက်ပါတယ်။ Windows 7,8,10 ဘယ် version ပဲ တင်ထားတင်ထား.. ကျွန်တော်တို့အနေနဲ့ backup လုပ်ပြီးတော့ နောက်ပိုင်းမှာ restore ပြန်လုပ်ခြင်းဖြင့် windows ကို 5 မိနစ်ကျော်လောက်နဲ့ တင်လို့ရပါတယ်။ ဒီနေ့တော့ windows ကို Backup ဘယ်လိုလုပ်မလဲဆိုတာကို video နဲ့ တင်ပေးလိုက်ပါတယ်။

တစ်ခုတော့ရှိပါတယ်။ တစ်ခြားမတူညီတဲ့ ကွန်ပျူတာတွေမှာလည်း သုံးချင်တယ်ဆိုရင်တော့ Driver ကို မတင်ဘဲနဲ့ windows နဲ့ လိုအပ်တဲ့ Program တွေကို ပဲတင်ထားပြီးတော့ backup လုပ်ပါ။ Driver တင်ထားမယ်ဆိုရင် တစ်ခြားကွန်ပျူတာတွေမှာ သွားပြီးသုံမယ်ဆိုရင် Driver ပြသနာတက်ပြီး တင်ထားတဲ့ driver နဲ့ တတ်ထားတဲ့hardware မကိုက်ညီဘဲ windows မတက်တာမျိုး ကြုံရတတ်ပါတယ်။

ခု video လေးကို လက်တွေ့လုပ်ကြည့်ဖို့အတွက်တော့ Symantec Norton Ghost DVD အခွေလိုပါတယ်။ အင်တာနက်ကနေ ရှာပြီးတော့ Download လုပ်စေချင်ပါတယ်။ ဒီနေ့တော့ Symantec Norton Ghost အခွေ တင်မပေးနိုင်တော့ပါဘူး။ ဗိုက်နည်းနည်းအောင့်နေလို့ အနားယူတော့မယ် မနက်ဖြန်ကျရင် တင်ပေးပါ့မယ်။ ဒါမှမဟုတ်လည်း တစ်ခြားညီကိုတွေ Download link တွေ ချပေးပါလိမ့်မယ်။

Utorrent (or) Bittorrent ရှိတယ်ဆိုရင်တော့ www.kat.cr ဆိုက်ကနေပြီးတော့ Download လုပ်ယူလို့ရပါတယ်။ Torrent အသုံးပြုနည်းကို မနေ့က တင်တဲ့ သင်ခန်းစာပို့စ်မှာ တင်ပေးထားပြီးသားပါ။ https://goo.gl/SME0VA အဲ့ပို့စ်ကို ပြန်ကြည့်ပေးပါ။

မေးထားတဲ့ ညီလေးက Restore ပြန်လုပ်တာကိုတော့ နားလည်လိမ့်မယ်ထင်ပါတယ်။ နားမလည်ဘူးဆိုရင်လည်း မနက်ဖြန်မှ ထပ်တင်ပေးပါ့မယ်။ ခုကတော့ Norton Ghost နဲ့ .gho image ဖိုင် ရအောင် ပြန်ထုတ်နဲ့နည်းပါ။



အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment

မင်္ဂလာပါ ကျွန်တော် ဘလော့ကိုဝင်ရောက်လာသူအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများရှိကြပါစေခင်ဗျာ။

မြန်မာအားကစားလိုင်းတွေနဲ့နိုင်ငံတကာရုပ်ရှင်တွေကြည့်နိုင်တဲ့Apk

မြန်မာအားကစားလိုင်းတွေနဲ့နိုင်ငံတကာရုပ်ရှင်တွေကြည့်နိုင်တဲ့Apk မင်္ဂလာပါ ဘော်ဒါတို့  ခုတင်ပေးမဲ့ဆော့ဝဲလေးကတော့ ကမ္ဘာတစ်လွှားနဲ့း...